top of page
Search

သတင်းထုတ်ပြန်ချက်

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ ၁၄ ရက်ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ မြန်မာကိုယ်စားလှယ်အဖွဲ့အား မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဦးမိုးကျော်သူနှင့် ဝန်ထမ်းများနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

၁၅-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရော်ဂန်နီး ရှက်စသာကော့ဗ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ မြှင့်တင်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံက မှန်ကန်သည့် ရပ်တည်ချက်ကို အခြေခံကာ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့ရှိ Falco-Agro နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက နို့စားနွားမွေးမြူမှုနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသခဲ့သည်။ ဆက်လက်၍ မဟာမျိုးချစ်စစ်ပွဲ သမိုင်းပြတိုက်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်အသိုက်အဝန်းနှင့် မင့်စ်မြို့ရှိ မြန်မာပညာသင်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

၁၆-၉-၂၀၂၃ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့မှ မန္တလေးမြို့သို့ မော်စကိုမြို့နှင့် နိုဗိုစီဗစ်မြို့တို့မှတစ်ဆင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။ နိုဗိုစီဗစ်မြို့တွင် နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး(၁) မစ္စတာ ယူရီ ပက်တူကော့ဗ်နှင့်အဖွဲ့က မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုဗိုစီဗစ်မြို့ရှိ အထင်ကရ နေရာများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နိုဗိုစီဗစ်မြို့ ဖွင့်လှစ်ရန် လျာထားသော အဆောက်အဦနှင့် နေရာတို့ကို လိုက်လံပြသခဲ့ပြီး၊ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းဖြင့် မန္တလေးမြို့သို့ ၁၇-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်

****************************

Press Release

Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, who paid a working visit to the Republic of Belarus at the invitation of the Minister of Foreign Affairs of the Republic of Belarus, Mr. Sergei Aleinik, arrived at the Minsk International Airport on the evening of 14 September 2023. At the airport, the Myanmar delegation was welcomed by Myanmar Consul-General in Minsk U Moe Kyaw Thu, staff of the Myanmar Consulate-General and responsible officials from the Belarusian Ministry of Foreign Affairs.

On the morning of 15 September, Deputy Prime Minister and Union Minister for Foreign Affairs U Than Swe had a separate meeting with the Minister of Foreign Affairs of the Republic of Belarus, Mr. Sergei Aleinik at the Ministry of Foreign Affairs of Belarus. The foreign ministers cordially exchanged views on further promotion of bilateral relations and cooperation and reaffirmed their commitments for closer collaboration between the two countries in multilateral fora on the basis of mutual understanding, trust and equality.

Subsequently, the Myanmar-Belarus bilateral meeting was held at the Ministry of Foreign Affairs of the Republic of Belarus. The meeting was co-chaired by Deputy Prime Minister and Union Minister for Foreign Affairs of Myanmar, U Than Swe and the Minister of Foreign Affairs of the Republic of Belarus, Mr. Sergei Aleinik. Also in attendance were Deputy Foreign Minister of Belarus Mr. Evgeny Shestakov, Myanmar Ambassador concurrently accredited to Belarus U Lwin Oo, and senior officials from the Foreign Ministries of Myanmar and Belarus.

At the meeting, both sides cordially exchanged views and discussed a wide range of topics, including strengthening of the existing friendship and expediting the implementation of the ongoing bilateral cooperation between Myanmar and Belarus, holding consultations between the two foreign ministries, enhancing cooperation in economy and trade, defence, agriculture, education, science and technology, culture and people-to-people exchanges amongst others. Deputy Prime Minister and Union Minister U Than Swe expressed Myanmar’s profound appreciation to the Republic of Belarus for its principled position, understanding and unwavering support towards Myanmar, in both bilateral and multilateral contexts, especially at the United Nations and also for facilitation of the establishment of the Myanmar Consulate-General in Minsk.

Later, the Myanmar delegation attended the working luncheon hosted by Mr. Sergei Aleinik, Foreign Minister of the Republic of Belarus.

In the afternoon, the Myanmar delegation visited the Falco-Agro Dairy Farm and was briefed by responsible officials on the technique of cattle breeding and production of dairy products. Afterwards, the Myanmar delegation visited the Belarusian State Museum of the History of the Great Patriotic War.

In the evening, the Deputy Prime Minister and Union Minister attended the reception celebrating the opening of the Consulate-General of the Republic of the Union Myanmar in Minsk, Republic of Belarus together with Deputy Foreign Minister of Belarus, Mr. Evgeny Shestakov. The reception was attended by officials from the Belarusian Foreign Ministry, Diplomatic Corps and Myanmar scholars in Minsk.

On 16 September 2023, Deputy Prime Minister and Union Minister U Than Swe and the party departed Minsk for Mandalay via Moscow and Novosibirsk. In Novosibirsk, the Myanmar delegation was shown around the significant places of the city and building intended for the Myanmar Consulate-General in Novosibirsk. The First Deputy Governor of Novosibirsk Region, Mr. Yuri Petukhov hosted a dinner for the Myanmar delegation.

The Myanmar delegation arrived back at the Mandalay International Airport by Myanmar Airways International flight on the morning of 17 September 2023, where they were welcomed by officials concerned of the Ministry of Foreign Affairs.

Ministry of Foreign Affairs

Nay Pyi Taw

Dated, 17 September 2023


10 views0 comments
bottom of page