top of page
Search

ပရာ့ဂ်မြို့အခြေစိုက် သံတမန်များ၏ နာယကအား လက်ခံတွေ့ဆုံ



ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံက ပရာ့ဂ်မြို့အခြေစိုက် သံတမန်များ၏ နာယကအား လက်ခံတွေ့ဆုံ

(၁၆-၁-၂၀၂၃ ရက်၊ ပရာ့ဂ်)

ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်သည် အသစ်ရောက်ရှိလာသည့် ပရာ့ဂ်မြို့ အခြေစိုက် သံတမန်များ၏ နာယကဖြစ်သူ ချက်နိုင်ငံဆိုင်ရာ Holy See (Vatican City) ၏ သံတမန် H.E. Archbishop Jude Thaddeus Okolo အား ၁၆-၁-၂၀၂၃ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြန်မာသံရုံး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ပရာ့ဂ်မြို့အခြေစိုက်သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

8 views0 comments
bottom of page