top of page
Search

ပြည်ထောင်စုဝန်ကြီး က ရုရှားဒူးမား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၂၉-၅-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်၊ (၁၅:၁၅)နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှတဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*****************************

Union Minister for International Cooperation receives the Russian State Duma delegation

(29 May 2023, Nay Pyi Taw)

U Ko Ko Hlaing, Union Minister for International Cooperation of the Republic of the Union of Myanmar, met with the Russian State Duma delegation led by Mr. Sholban Kara-Ool, Deputy Chairman of the State Duma, Federal Assembly of the Russian Federation, at 15:15 hrs. on 29 May 2023, at the Union Minister’s Office in Nay Pyi Taw.

During the meeting, both sides cordially exchanged views on the further consolidation of the existing ties of friendship between Myanmar and Russia, expansion of bilateral cooperation including trade, economic, social and tourism sectors, and enhancement of cooperation through regional and international organizations.


3 views0 comments
bottom of page