top of page
Search

စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌ ပါဝင်ခဲ့ကြသည့်ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနား ကျင်းပ


စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ခဲ့ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနား ကျင်းပ


(၁၃-၁-၂၀၂၃ ရက်၊ နေပြည်တော်)


၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ဆောင်ရွက် ခဲ့ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ်ပြခန်းတွင် တက်ကြွစွာ ပါဝင်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့် အခမ်း အနားကို ၁၃-၁-၂၀၂၃ ရက်၊ ညနေပိုင်းတွင် နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၉) ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား၌ ပါဝင် ဆောင်ရွက်ခွင့်ရသည့်အတွက် မိမိဝန်ကြီးဌာန၏ သမိုင်းတွင်မည့် ပါဝင်ဆင်နွှဲမှု တစ်ခုအဖြစ်နှင့် မိမိတို့ဘဝ တစ်သက်တာအတွက်လည်း ဂုဏ်ယူဖွယ် အဖြစ် ကျန်ရစ်နေမည်ဖြစ်ကြောင်း၊ ဂုဏ်ပြု အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ် ခွဲ၊ အထိုင်စစ်ကြောင်းများတွင် ပါဝင်ခဲ့ ကြသည့် ဝန်ထမ်းများအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ညီညီညွတ်ညွတ် တက်တက်ကြွကြွဖြင့် ဆောင်ရွက် နိုင်မှု၊ ဂုဏ်ပြုယာဉ်နှင့် ဝန်ကြီးဌာနပြခန်းများကို စိတ်ကူးစိတ်သန်း ကောင်းစွာ စိတ်ဝင်စားဖွယ် တင် ပြနိုင်ခဲ့မှုတို့ကြောင့် မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့သဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြု အပ်ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ဝန်ထမ်းများအနေဖြင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဦးစားပေးကဏ္ဍများအား ချမှတ်ထားသည့် ရပ်တည်ချက်၊ ဦးတည် ချက်၊ ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်၍ “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီသို့” ဟူသော သန္နိဋ္ဌာန်စိတ်ဓာတ်ဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် နိုင်ငံတကာနှင့် အပြုသဘော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ကာ “သားကောင်းတမန်၊ ပြည့်အားမာန်၊ စွမ်းရည်ပြည့်ဝ နှလုံးလှဖြင့် ကာကွယ်သယ်ပိုး နိုင်ငံ့အကျိုး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစဉ်အလာကောင်းကို ထိန်းသိမ်းကာ ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းလို ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ် ပြခန်း စီစဉ် ဆောင်ရွက်ရေး ကော်မတီတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် “မြန်မာ့သားကောင်းတမန်” ဂုဏ်ပြုသီချင်းအား ရေးစပ်သီကုံးသည့် ဌာနအကြီးအကဲနှင့် ပါဝင်သီဆိုသူတို့အတွက် ဂုဏ်ပြု မှတ်တမ်းလွှာများကို တာဝန်ရှိသူများထံသို့ ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဝန်ထမ်းများ နှင့်အတူ ပျော်ရွှင်စွာ ဂုဏ်ပြုညစာကို သုံးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

1 view0 comments
bottom of page