top of page
Search

Union Minister for Foreign Affairs, H.E. U Wunna Maung Lwin received a delegation



H.E. U Wunna Maung Lwin received a delegation led by Mr. Anatoly Bulochnikov, Senior Vice-President of the Russia-Myanmar Association for the Friendship and Cooperation (26-1-2023, Nay Pyi Taw) Union Minister for Foreign Affairs, H.E. U Wunna Maung Lwin received a delegation led by Mr. Anatoly Bulochnikov, Senior Vice-President of the Russia-Myanmar Association for the Friendship and Cooperation, at the Ministry of Foreign Affairs in Nay Pyi Taw at 11:30 am on 26 January 2023. While expressing his compliments on the diamond jubilee of the diplomatic relations between Myanmar and Russia, the Union Minister mentioned the strengthening of bilateral economic cooperation between the two countries through the meeting of the two Heads of State during the Eastern Economic Forum which was held in September 2022 in Vladivostok, Russia. Then, both sides exchanged views on opportunities to enhance cooperation between the two countries in various sectors such as transport, tourism, electricity, energy, trade and finance. Also present at the meeting were Permanent Secretary and senior officials from the Ministry of Foreign Affairs and representatives from the Russia-Myanmar Association for the Friendship and Cooperation.

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ နိကော့ အား လက်ခံတွေ့ဆုံ (၂၆-၁-၂၀၂၃၊ နေပြည်တော်) ​နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ၂၆-၁-၂၀၂၃ ရက်၊ (၁၁၃၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ​တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု သည် (၇၅)နှစ် စိန်ရတုနှစ်ပတ်လည်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ပြုလုပ်ခဲ့သည့် အရှေ့ဖျား စီးပွားရေးဖိုရမ်ကာလ အတွင်း နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံခဲ့မှုမှတစ်ဆင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ​ဆက်လက်၍ နှစ်နိုင်ငံအကြား ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့်အခြေအနေ များနှင့် စပ်လျဉ်း၍ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ​တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

2 views0 comments
bottom of page