top of page
Search

Received delegation of the Russia-Myanmar Association for the Friendship and Cooperation



Union Minister for International Cooperation, H.E. U Ko Ko Hlaing received a delegation led by Mr. Anatoly Bulochnikov, Senior Vice-President of the Russia-Myanmar Association for the Friendship and Cooperation (26-1-2023, Nay Pyi Taw) Union Minister for International Cooperation, H.E. U Ko Ko Hlaing received a delegation led by Mr. Anatoly Bulochnikov, Senior Vice-President of the Russia-Myanmar Association for the Friendship and Cooperation, at the Ministry of International Cooperation in Nay Pyi Taw at 10:30 am on 26 January 2023. During the meeting, with the observance of the Diamond Jubilee of the diplomatic relations between the two countries in this year, the Union Minister expressed flourish of the bilateral relations between the two countries in the 1950s and opening of a new chapter again at present. Then, the Union Minister discussed matters relating to the strengthening bilateral cooperation in various sectors such as education, transport, tourism, electricity, energy and finance, possible trade routes between the two countries and encouraging Russian companies to expand investments in Myanmar. Also present at the meeting were senior officials from the Ministry of International Cooperation and representatives from the Russia-Myanmar Association for the Friendship and Cooperation.


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့အား လက်ခံတွေ့ဆုံ (၂၆-၁-၂၀၂၃၊ နေပြည်တော်) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၆-၁-၂၀၂၃ ရက်၊ (၁၀၃၀)နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ​တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု သည် ယခုနှစ်တွင် စိန်ရတု နှစ်ပတ်လည်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၅၀ ပြည့်လွန်ကာလများတွင် နှစ်နိုင်ငံအကြားဆက်ဆံရေး အထူးကောင်းမွန်ခဲ့ပြီး ယခုတစ်ဖန် နှစ်နိုင်ငံဆက်ဆံရေးမှာ စာမျက်နှာ သစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာရေး၊ ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဘဏ္ဍာရေး အစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလမ်းကြောင်းများ ရှာဖွေ ဖော်ထုတ်ရေးနှင့် ရုရှားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ​တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး များနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

2 views0 comments
bottom of page