top of page
Search

Press Release (5-5-2023, Nay Pyi Taw)

The Memorandum on granting the Republic of the Union of Myanmar the status of dialogue partner of the Shanghai Cooperation Organization (SCO) was signed by U Moe Kyaw Aung, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Republic of India, and Mr. Zhang Ming, Secretary-General of Shanghai Cooperation Organization on 5 May 2023, at the sidelines of the Meeting of SCO Council of Foreign Ministers (CFM) at Goa, India on 4-5 May 2023.

At the signing ceremony, United Arab Emirates, Kuwait and Maldives also signed the MoU with the SCO Secretariat along with Myanmar.

The Shanghai Cooperation Organization (SCO) is an intergovernmental organization which established on 15 June 2001 in Shanghai, China. SCO currently comprises 8 full-fledged members (China, India, Kazakhstan, Kyrgzstan, Pakistan, Russia, Tajikistan and Uzbekistan). SCO mainly focuses on promoting effective cooperation in politics, trade, environment protection, culture, education, energy and transport areas among the member countries.

***************************

သတင်းထုတ်ပြန်ချက် (၅-၅-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation – SCO) ၏ ဆွေးနွေးဖက်နိုင်ငံ အဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးကာလ အတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့မှ ၅-၅-၂၀၂၃ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်လာသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ SCO ၏ တင်းပြည့်အဖွဲ့ဝင်များမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက် စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန် နိုင်ငံတို့ဖြစ်ကြသည်။ SCO သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အဓိက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

2 views0 comments

Kommentare


bottom of page