top of page
Search

(၁၂) ကြိမ်မြောက် အာဆီယံအပေါင်း ဘိုးလင်းပြိုင်ပွဲကို အာဆီယံ-ပရာ့ဂ်ကော်မတီက ကြီးမှူးကျင်းပ

(၁၂) ကြိမ်မြောက် အာဆီယံအပေါင်း ဘိုးလင်းပြိုင်ပွဲကို အာဆီယံ-ပရာ့ဂ်ကော်မတီက ကြီးမှူးကျင်းပ

 (၇-၅-၂၀၂၄ ရက်၊ ပရာ့ဂ်)

အာဆီယံ-ပရာ့ဂ်ကော်မတီ (ASEAN Committee in Prague) မှ ကြီးမှူး၍ (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း ဘိုးလင်းပြိုင်ပွဲ (12th ASEAN Plus Bowling Tournament) ကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်တွင် ပရာ့ဂ်မြို့ရှိ XBOWLING PROSEK DUO ၌ ကျင်းပခဲ့ရာ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်သံရုံးများမှ ပြိုင်ပွဲဝင်အသင်းများ၊ ချက်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနတို့မှ ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အာဆီယံအပေါင်းဘိုးလင်းပြိုင်ပွဲသည် ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံတမန်များနှင့် ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှု တိုးတက်စေရန် ရည်ရွယ် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ ကာလရှည်အစဉ်အလာရှိသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ယခုနှစ်ဘိုးလင်းပြိုင်ပွဲကို အာဆီယံ-ပရာ့ဂ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် မလေးရှားသံရုံးနှင့် မြန်မာသံရုံးတို့က ပူးတွဲစီစဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

**********************************

ASEAN Committee in Prague organizes 12th ASEAN Plus Bowling Tournament

(7-5-2024, Prague)

On 7 May 2024, 12th ASEAN Plus Bowling Tournament was held by the ASEAN Committee in Prague (ACP) at the XBOWLING PROSEK DUO in Prague. In this tournament, the teams of ASEAN Embassies in Prague (Indonesia, Philippines, Thailand, Malaysia, Myanmar, Vietnam) and Chinese Embassy as well as of the Ministry of Foreign Affairs and Ministry of Industry and Trade of the Czech Republic were participated.

This event represents long tradition of ACP for enhancing friendship and mutual understanding among the ASEAN diplomats and officials of Czech Republic. For this year, the tournament was jointly organized by the Embassies of Malaysia and Myanmar as the current rotating Chair and Vice Chair of the ACP.





0 views0 comments

Recent Posts

See All

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

“နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား

留言


bottom of page