top of page
Search

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားသတင်းထောက်များ အသင်း (Foreign Correspondent Club of Japan-FCCJ) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr. KHALDON AZHARI နှင့် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် နိုင်ငံတကာ မီဒီယာများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

**********************

Union Minister for International Cooperation holds talk with former president of the Foreign Correspondent Club of Japan Mr. Khaldon Azhari

(10 May 2023, Nay Pyi Taw)

Union Minister for International Cooperation U Ko Ko Hlaing received former president of the Foreign Correspondent Club of Japan (FCCJ) Mr. Khaldon Azhari at the Parlour of Minister’s office, Ministry of International Cooperation, this evening.

At the call, they cordially discussed on endeavors of the Myanmar’s Government for ensuring peace and stability and development of the country and matters related to international media.


12 views0 comments

Comments


bottom of page