top of page
Search

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂-၆-၂၀၂၃ ရက်၊ နေပြည်တော်)


ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၂-၆-၂၀၂၃ ရက်၊ (၁၄၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု တိုးတက် ခိုင်မာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊ “မိုခါ"မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးမှုကိစ္စများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

*******************

Union Minister for International Cooperation receives the Chinese Ambassador to Myanmar

(2 June 2023, Nay Pyi Taw)

U Ko Ko Hlaing, Union Minister for International Cooperation received Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar, on 2 June 2023 at 1400 hrs at the Ministry of Foreign Affairs, Nay Pyi Taw.

At the meeting, they cordially exchanged views on the further consolidation of the existing friendship and promotion of bilateral cooperation between Myanmar and China, the maintenance of peace and stability along the border between Myanmar and China, disaster relief supplies by the Chinese government to affected areas in Myanmar caused by Cyclone Mocha, and closer collaboration between the two countries in regional and multilateral contexts particularly, the United Nations and ASEAN.

0 views0 comments

Comments


bottom of page