top of page
Search

သတင်းထုတ်ပြန်ချက်

အာဆီယံ-ပရာ့ဂ်ကော်မတီမှ Czech Federation of Food Banks သို့ စတုတ္တအကြိမ်မြောက် အစား အစာများပေးအပ်လှူဒါန်းပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက်

(၈-၂-၂၀၂၄ ရက်၊ ပရာ့ဂ်မြို့)

 ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံ-ပရာ့ဂ်ကော်မတီမှ Czech Federation of Food Banks ၊ ဥက္ကဌ Mr. Aleš Slavíček ထံသို့ စတုတ္တအကြိမ်မြောက် အစားအစာများ ပေးအပ်လှူဒါန်းပွဲကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်၊ ၁၀၀၀ နာရီ အချိန်တွင် အဆိုပါအဖွဲ့အစည်း၏ ပစ္စည်းသိုလှောင်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစားအစာများပေးအပ်လှူဒါန်းပွဲတွင် Czech Federation of Food Banks ၊ ဥက္ကဌ Mr. Aleš Slavíček မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အာဆီယံ-ပရာ့ဂ် ကော်မတီ၏ အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Ms. Suzilah Binti Mohd Sidek မှ ယခုကဲ့သို့ ချက်နိုင်ငံ၏ လိုအပ်သော နေရာများအားလုံးသို့ အစားအစာ ထောက်ပံ့ ပေးပို့ခြင်းများ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် Czech Federation of Food Banks သို့ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ အစားအစာများ နှစ်စဉ် စုပေါင်းလှူဒါန်းမှု ပြုလုပ်ရသည့်အကြောင်းရင်းနှင့် အာဆီယံနှင်ချက်ပြည်သူများအကြား အပြန်အလှန် နားလည်မှု၊ ကူညီရိုင်းပင်းမှု တိုးတက်လာရေးတို့အား ပြောကြားခြင်း၊ အစားအစားများအား လွှဲပြောင်းပေးအပ်ခြင်းနှင့် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။ အခမ်းအနားသို့ Czech Federation of Food Banks မှ တာဝန်ရှိသူများ၊ အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လုပ်ငန်းအဖွဲ့ဝင်များနှင့် ချက်နိုင်ငံရှိ Základní škola Petřiny ကျောင်းမှ ငါးတန်းကျောင်းသား/ကျောင်းသူများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။





 
 
 

Commenti


Subscribe Form

Thanks for submitting!

+420233331577

©2019 by Myanmar Embassy Prague. Proudly created with Wix.com

bottom of page