top of page
Search

သတင်းထုတ်ပြန်ချက်

ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်

(၁၈-၁-၂၀၂၄ ရက်၊ ပရာ့ဂ်မြို့)

 ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်၊ ၁၁၀၀ နာရီအချိန်တွင် Czernin Palace ၌ ကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နှင့် ချက်နိုင်ငံကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲ တွင် နိုင်ငံခြားရေးဝန်ကြီး Jan Lipavský မှ အမှာစကား ပြောကြားခြင်း၊ သံတမန်များအဖွဲ့နာယက Jude Thaddeus Okolo မှ နှုတ်ဆက်စကား ပြောကြားခြင်း များပြုလုပ်ခဲ့ကြပြီး တက်ရောက်လာသည့် သံရုံးအကြီးအကဲများနှင့် တစ်ဦးချင်းစီ နှစ်သစ်ကူး နှုတ်ဆက်ခြင်း၊ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


ree

ree

ree

 
 
 

Comments


Subscribe Form

Thanks for submitting!

+420233331577

©2019 by Myanmar Embassy Prague. Proudly created with Wix.com

bottom of page