top of page
Search

သတင်းထုတ်ပြန်ချက်

ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဌ၏ ဖိတ်ကြားချက်အရ လွှတ်တော် အမတ်များနှင့် ချက်နိုင်ငံကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသံရုံးများမှ သံရုံး အကြီးအကဲများ တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်ခဲ့ခြင်း

(၁၈-၁-၂၀၂၄ ရက်၊ ပရာ့ဂ်မြို့)


 ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဌ Miloš Vystrčil ၏ ဖိတ်ကြား ချက်အရ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ ၁၇၀၀ နာရီအချိန်တွင် ပရာ့ဂ်မြို့ရှိ Waldstein Palace ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်အမတ်များနှင့် ချက်နိုင်ငံကို တာဝန်ယူဆောင်ရွက် လျက်ရှိသည့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ တွေ့ဆုံပွဲသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အထက်လွှတ်တော်ဥက္ကဌ Miloš Vystrčil ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Jiří Kozák နှင့် သံတမန်များအဖွဲ့နာယက Jude Thaddeus Okolo တို့မှ နှုတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြပြီးနောက် တက်ရောက်လာသည့် လွှတ်တော် အမတ်များနှင့် သံရုံးအကြီးအကဲများအကြား ၂၀၂၄ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့်ကိစ္စရပ်များကို အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ချက်နိုင်ငံဘက်မှ အထက်လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ လွှတ်တော် အမတ်များ၊ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး (၃)ဦး၊ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး(၂)ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။





ree

ree

ree

ree


ree



 
 
 

Comments


Subscribe Form

Thanks for submitting!

+420233331577

©2019 by Myanmar Embassy Prague. Proudly created with Wix.com

bottom of page