ဟန်ဂေရီနိုင်ငံသမ္မတနှင့်ခင်ပွန်းတို့မှ ဟန်ဂေရီနိုင်ငံကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သံရုံးအကြီးအကဲများနှင့်ဇနီးတို့အား နှစ်သစ်ကူးတွေ့ဆုံနှုတ်ဆက်သည့် အခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက် မြန်မာသံရုံးယာယီတာဝန်ခံနှင့်ဇနီးတို့ တက်ရောက်ခဲ့ခြင်း
(၁၁-၁-၂၀၂၄ ရက်၊ ပရာ့ဂ်မြို့)
ဟန်ဂေရီနိုင်ငံသမ္မတ Ms. Katalin Novak နှင့် ခင်ပွန်းတို့မှ ဘူဒါပတ်စ်မြို့ရှိ Museum of Fine Arts ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ဟန်ဂေရီနိုင်ငံကို တာဝန် ယူဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့်ဇနီးတို့အား နှစ်သစ်ကူးတွေ့ဆုံနှုတ်ဆက်သည့် အခမ်းအနားသို့ ချက်နိုင်ငံ၊ပရာ့ဂ်မြို့အခြေစိုက် မြန်မာ သံရုံးယာယီတာဝန်ခံနှင့်ဇနီးတို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားမစတင်မီ ဟန်ဂေရီ သမ္မတနှင့်ခင်ပွန်းတို့သည် တက်ရောက်လာသည့် သံရုံးအကြီးအကဲများ နှင့်ဇနီးတို့အား Renaissance Hall ၌ ဝါစဉ်အလိုက် တစ်နိုင်ငံချင်းစီ လက်ခံတွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်း တင် ဓါတ်ပုံရိုက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဟန်ဂေရီသမ္မတမှ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခြင်း၊ ဟန်ဂေရီနိုင်ငံရှိ သံတမန်များအဖွဲ့နာယကမှ နှစ်သစ်ကူးနှုတ်ဆက်စကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြပြီး ဟန်ဂေရီနိုင်ငံ National Ballet Institute မှ အနုပညာရှင် များမှ ကပြဖျော်ဖြေခြင်း၊ တစ်ကိုယ်တော်တေးသီချင်းများ သီဆိုခြင်းများဖြင့် တင်ဆက်ခဲ့ ကြပါသည်။ အဆိုပါ နှစ်သစ်ကူးတွေ့ဆုံနှုတ်ဆက်သည့်အခမ်းအနားသို့ ဟန်ဂေရီနိုင်ငံ သမ္မတနန်းတော် (Sandor Palace) မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည် တော်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Comments