top of page
Search

သတင်းထုတ်ပြန်ချက်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၉-၅-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။​

ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍအပါအဝင် နှစ်နိုင်ငံအကျိုးတူကဏ္ဍများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

******************************************

Deputy Minister for Foreign Affairs receives Ambassador of Nepal to Myanmar

(9-5-2024, Nay Pyi Taw)

U Lwin Oo, Deputy Minister, Ministry of Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Harishchandra Ghimire, Ambassador Extraordinary and Plenipotentiary of Nepal to the Republic of the Union of Myanmar, at 1100 hrs on 9 May 2024 at the Ministry of Foreign Affairs in Nay Pyi Taw.

During the call, they cordially exchanged views on matters pertaining to the further enhancement of the friendly bilateral relations between the two countries, expansion of cooperation particularly in the areas of trade, investment and tourism as well as closer collaboration in regional and multilateral fora.




0 views0 comments

Recent Posts

See All

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

“နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား

Comentários


bottom of page