top of page
Search
Writer's pictureME Prague

သတင်းထုတ်ပြန်ချက်

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၈-၅-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး မစ္စတာ အင်မရန် ဟိုက်ဒါ အား ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်၊ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အပါအဝင် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

***************************************************

Deputy Prime Minister and Union Minister for Foreign Affairs receives Ambassador of Pakistan to Myanmar

(8-5-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Imran Haider, Ambassador of the Islamic Republic of Pakistan to the Republic of the Union of Myanmar at 1300 hrs on 8 May 2024 at the Ministry of Foreign Affairs, Nay Pyi Taw.

During the call, the Deputy Prime Minister and Union Minister for Foreign Affairs extended congratulations to the Ambassador for the latter’s appointment as Ambassador of Pakistan to Myanmar. They cordially exchanged views on matters pertaining to the further advancement of the existing bilateral relations between the two countries, expansion of mutually beneficial cooperation in various areas including bilateral trade and investment, tourism, agriculture and industry between Myanmar and Pakistan.




0 views0 comments

Comments


bottom of page