top of page
Search

မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားကျင်းပ

မြန်မာသံရုံး၊ ပရာ့ဂ်မြို့၌ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားကျင်းပ

(၂၃-၄-၂၀၂၄ ရက်၊ ပရာ့ဂ်)

မြန်မာနှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားကို ကောဇာ သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ၂၃-၄-၂၀၂၄ ရက်နေ့၊ ၁၀၃၀ နာရီတွင် မြန်မာသံရုံး၊ ပရာ့ဂ်မြို့၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ပွားသရဇ္ဈယ်ခဲ့ကြပြီးနောက် မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်နှင့်ဇနီး၊ မြန်မာသံရုံးဝန်ထမ်းမိသားစုများက သံဃာတော်များထံ လှူဖွယ်ဝတ္တူများ ဆက်ကပ် လှူဒါန်းခြင်း၊ ရေစက်ချအမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။





0 views0 comments

Recent Posts

See All

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

“နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား

Comments


bottom of page