top of page
Search

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

Writer: ME PragueME Prague

“နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား အသိပေးကြေညာခြင်း

(၂-၇-၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှု လွှမ်းခြုံမှုမြင့်မားစေရန် ဆောင်ရွက်နိုင်မှုများနှင့် ပြည်သူလူထုအနေဖြင့် ပုံမှန်နေထိုင်မှုပုံစံသစ် (New Normal Setting) အား လိုက်နာကျင့်သုံးလာမှုများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာပြီး ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြေလျှော့မှုများ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ဖြေလျှော့ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် “နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား အသိပေးကြေညာအပ်ပါသည်။

 
 
 

Comments


Subscribe Form

Thanks for submitting!

+420233331577

©2019 by Myanmar Embassy Prague. Proudly created with Wix.com

bottom of page